Friday, August 8, 2014

ဒီမှာနှမငယ်

ဒီမှာနှမငယ်
လှသွေးကြွယ်အရွယ်ကလေးကိုမှ
ဘ၀ပေးတယ်လို့လှဘိကွယ်
မြင်သူတကာပုရိသရယ်က
လှမ်းချူမယ်ပိတုန်းတွေမို့
ဆူးအကာမဏတွေနဲ့ကာထားဘိကွယ်။
စိတ်ကိုမြင်ကြည့်ကာပေါင်းဖတ်ပါကွယ်
နောင်ပြင်ရန်ခတ်သည့်အမျိုးကိုမှ
မမေ့အပ်တွေးလျက်နဲ့သာနေစေချင်။
အသပြာငွေကြေးကိုလ
တွေထင်ကာမမိုက်မှားဖို့
နှမလေးငယ်ပန်းတစ်ပွင့်ကိုလ
ပြုစုကာဥယျဉ်မှုးရယ်မို့
နှမျောတကာနေမိတော့လည်း
မပိုင်သူငါဖြစ်လေတော့
သွားနှင့်ဦးပေါ့နှမငယ်။
ရှေ့ရေးတွေသင်ပြဘ၀ံမကြလည်းရှိစေတော့
အို နှမငယ်ငွေကြေးဆိုတာလူကဖြစ်သမို့
စိတ်ကိုကြည်ရှု့သတိပြုပါတော့နှမငယ်
(အဖြူရောင်တယောလေး)

No comments: