Showing posts with label လေလာစရာဆိုက်. Show all posts
Showing posts with label လေလာစရာဆိုက်. Show all posts

Saturday, December 5, 2015

gfive president a97 hard reset

gfive president a97 hard reset

1- take out battery from phone 2-connect phone with usb cable with computer3now press and hold vol+ and isert battery,now you see android logo press power button to see recovery menu use vol- key to wipe data factory reset use vol+ key confirme now you done 
မူရင်းLink

Saturday, October 10, 2015

1500 တန် CDMA ဖုန်းများ လိုင်းတက်ပြီး ဖုန်းခေါ်လိုက်ရင် 1× (သို့) Sim မသိခြင်းများအတွက်ပါ ...

1500 တန် CDMA ဖုန်းများ လိုင်းတက်ပြီး ဖုန်းခေါ်လိုက်ရင် 1× (သို့) Sim မသိခြင်းများအတွက်ပါ ...



1500တန် CDMA များအတွက် ကျွန်တော် လက်တွေ့ရတဲ့နည်းလေးတွေပါ(တနည်းမရတနည်းပေါ့)
1.3456ကိုဖုန်းခေါ်လိုက်ပါ် phone ဝင်သွားရင် backထွက်ပီး setting ထဲဝင်ပီး mobile network ထဲက empty fiter network ထဲဝင်ပီး ok နှိပ် ရတတ်ပါတယ်
2. 3gပေါပြီး1xမပေါသောဖုန်းကို ပထမဆုံးsim cardထည့်ပါ ပြီးရင် 112 ကိုခေါ်ပါ emergency call ပေါ့ဗျာ နောက်ပြီး တော့်home kye နဲ့ထွက်ပါ setting ထဲကိုသွားပါ emengerend call မလုပ်ဘဲ setting ထဲဝင်mobile network ထဲ ထပ်ဝင်ပြီး CDMA network manually switch to network နှိပ်ပြီး၇င်show filter network ထဲမှာဝင်ကြည့်ပါ 41403  ဆို ရင် switch to network ကိုထပ်နိပ်ပါ 41404 မပြောင်းမချင်း ဆက်ခါဆက်ခါလုပ်ရမှာပါ  41404 ပြောင်းသွားရင်တော့ ရပါပြီ emergency call ကို end call လုပ်လိုက်ပါ
3.911 ကိုဖုန်းခေါ်လိုက်ပါ ခေါ်လိုက်ပါ ခေါ်ပြီးတော့ ဒီတိုင်းဖုန်းမချဘဲ home ကိုနှိပ်ပြီး ထွက်ပြီး setting ထဲဝင် ပြီး more ကိုသွားပါ mobile network ကို သွားပြီး cdma network select ထဲဝင်လိုက်ပါ ပြီးရင် empty filter network မှာ နှိပ်ပါ မရဘူးဆိုရင် ထပ်ခါထပ်ခါလုပ်ပါ
4.Romaning setting ထဲဝင်ပါ Network selection & settings ထပ်ဝင်ပါ  နောက်ပြီး CDMA Network Settings ၀င် Switch to next network  မှာ 0k နှိပ် ပါ နောက် View the filtrated networks ထပ်နှိပ်ပါ
5.Setting ထဲဝင်ပါ Romaning setting ထို့နောက် Restore default Setting လုပ်ကြည့်ပါ
6. Factory restore လုပ်ကြည့်ပါ
7. Firmwar တင်ကြည့်ပါ (Build no အမျိုးမျိုးတင်ကြည့်ပါဦးစားပေးအနေနဲ့ /build no အနှိမ့်တင်ကြည့်ပါ)

ဒါမှမရရင့်  PA IC ကို အပူပေး (သို့)တုန်ကြည့်ပါ ဒါမှမရသေးဘူးဆိုရင် network ကြိုးစစ်ကြည့်ပါ ဒါမှမရရင် network IC လဲပါတော့(Jampar နည်းများလည်းသုံးလို့ရတတ်ပါတယ်)
Credit to ALL…
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote.blogspot.com 

Thursday, September 17, 2015

Saturday, September 12, 2015

Tuesday, September 8, 2015

နည်းပညာနှင့်ဆေးပညာလေ့လာဆရာ

နည်းပညာနှင့်ဆေးပညာလေ့လာဆရာ

http://www.mssk.info/2014/07/blog-post_8086.html

A13_2g_bt_F8GT-m1190-201302251

A13_2g_bt_F8GT-m1190-201302251  firmware
http://www.4shared.com/get/m3HpIi4u/A13_2g_bt_F8GT-m1190-201302251.html

Huawei diagram အစုံ pdf


http://thanbyuzayatmobile.blogspot.com/2014/09/huawei-diagram-pdf.html




Friday, September 4, 2015

OPPO ဖုန်း Firmware /Rom များကို Update/Install လုပ်နည်း လမ်းညွှန်

မူရင်းဆိုက်မှဖော်ပြလိုက်ပါသည်

http://sggwwelinsky.blogspot.com/2015/07/oppo-firmware-rom-updateinstall.htm

Oppo  R1001 Firmware လေးဒေါင်းရန်  

http://61.28.225.57/download/joy/R1001_11.A.07_OTA_INT_007_all_140725.zip

 

OPPO ဖုန်း Firmware /Rom များကို Update/Install လုပ်နည်း လမ်းညွှန်

ထိုင်းနိုင်ငံ အတွင်း Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ  ဒုတိယ ရောင်းအားအကောင်းဆုံးဟာ OPPO ဖုန်းတွေပါ..
ဒါကြောင့် ထိုင်းနိုင်ငံရောက် Oppo ဖုန်း သုံးသူ မြန်မာသူငယ်ချင်းများအတွက်ရည်ရွယ်ပြီး 
ဒီ ပို့စ် လေးကို ရေးဖြစ်ခဲ့ပါတယ်...
OPPO စမတ်ဖုန်းများ ဟာ ယခင် Normal rom များနဲ့ မတူ
ယခုအခါ မှာတော့ Color Os Rom များ ကို အသုံးပြုလာကြပြီဖြစ်ပါတယ်....
((ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခုအခါမှာတော့ Color Os အဖြစ် အရောင်းဆိုင်များမှာရှိနေပါပြီ))
Color Os များမှာ များသောအားဖြင့် မြန်မာ(ဗမာ) ဘာသာစကား ပါဝင်လာ တာတွေ့ရပါတယ်
Color Os များ မှာ ထူးခြားတဲ့ Feature သစ်များစွာပါရှိလာပြီး 
သုံးရတာ သွက်လက်မြန်ဆန်လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့် 
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့်ပါတယ်..
oppo ဖုန်းများဟာ rom/firmware များကို flash tool များနှင့် Computer မလိုဘဲ ဖုန်းထဲမှာတင်   update / install လုပ်လို့ ရတာမို့ လွယ်ကူစေပြီး ပိုပြီး စမတ် ဖြစ် စေပါတယ်
Update လုပ်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်းလုပ်ဆောင်နိုင်ပါတယ်
မှတ်ချက် ၊၊  ၊၊
Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာမရှိသော်လဲ
 Normal Rom  မှ Color Os Rom သို့ update လုပ်လျှင် storage ကို  အလို အလျှောက်  Format လုပ်မှာကြောင့် User data များပျက်ပါမည် 
                ((လိုအပ်လျှင် external SD မှာ backup or copy လုပ်ပါ))
ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download  လုပ်ပါ 

(oppo logo မှာရပ်နေပြီး firmware သေနေတဲ့ဖုန်းများလဲ ဒီအဆင့်များအတိုင်းပြုလုပ်နိင်ပါတယ်)
၁။   oppothai (http://www.oppothai.com/download)
(ဒီဆိုက်မှာတော့ oppo official update Rom/firmware   များကို download ယူဖို့ 
အကောင်းဆုံး website တခုဖြစ်ပါတယ် 
ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေးထားပါတယ်)
(ဒီဆိုက်မှာလဲ OPPO ရဲ့  the lasted official Rom /firmware  တွေ download လုပ်နိင်ပါတယ်)
* ဒေါင်းလော့ ယူခဲ့သော zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထားပါ 
* ဖုန်း ပိတ်ပါ၊ ဖုန်းရဲ့  ဘေး ဘယ်ညာတွင်ရှိသော(vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ ..

* Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ ဖုန်းဟာ Normal rom ဆိုရင်
vol အထက် အောက် ကီးနဲ့ ရွေ့ပြီး  apply update from sdcard ကို  power ခလုတ် ကိုနှိပ့်ရွေးချယ်ပါ။

 ပြီးလျှင် sd ကဒ် အတွင်း ကူးယူခဲ့ပြီးသော firmware/rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...
Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာAuto Reboot  နဲ့
ဖုန်းပြန်ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင်သုံးနိုင်ပါပြီ...
((Nomal မှ Color သို့ မြှင့်ပါက အချိန်အနည်းငယ် ကြာတတ်ပါတယ်))

--------   *   --------

Color Os Rom မှ Update Color Os Rom 






Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက
ပုံမှာပြထားတဲ့အတိုင်း Recovery mode  ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
Install from sd မှ From sd သွားပြီး copy လုပ်ထားခဲ့ပြီးသော firmware/rom...zip ဖိုင်ကို
ရွေးချယ် install လုပ်ပါ...

Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off  နဲ့ Reboot  လုပ်ဖို့ ပြောပါလိမ့်မယ်
Reboot လုပ်ပါ။  ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ်
Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်ပါပြီ.....။။



အဆင်မပြေဖြစ်ခဲ့ပါက comments ချန်ခဲ့ပါ..
 thatlwinmin@gmail.com

ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ...

Thursday, September 3, 2015

အီလက်ထရောနစ် အခြေခံ

 အီလက်ထရောနစ် အခြေခံ



Phone & Tablet အများစုမှာပါရှိတဲ့ Componet လေးတွေပါ။



















Post By Ko Htut

Friday, 16 May 2014

Phone IC အကြောင်းသိကောင်စရာလေးများ



Phone IC အကြောင်းသိကောင်စရာလေးများ
I . C (ယေဘူယ ခွဲခြားနည်း)
၁ ။ POWER I.C ခွဲခြားရင် ဘေးမှာ POWER Crystal ရှိတယ် Capacitor တွေအများကြီးရှိတယ်
၂ ။ Nokia မှာ Second Powei IC ခွဲလိုလျှင် ဘေးမှာ Coil အ၀ိုင်းကြီးရှိတယ် (Betty တို့ Tahbo စသည်ဖြင့် IC ပေါ်တွင်ရေးထားသည်။)
၃ ။ CPU ခွဲလိုလျှင် လေးထောင့်ညီညီနှင့် အကြီးဆုံး IC
၎ ။ CPU ဘေးမှာ ရှည်ရှည်သွယ်သွယ် IC ကSoftware ရေးတဲ့ Flash IC
၅ ။ GSM Pa IC က အင်တာနာ Pad အနီးနားမှာ
၆ ။ WCDMA PA IC က ဘေးနားမှာDuplex Falter ရဲ့ ကာလာရောင် ရွှေ ကြေး အနက်ရောင် စသည်ဖြင့် ဘေးနားမှာရှိ
၇ ။ GSM နဲ့ WCDMA မှာ GSM IC က နည်းနည်းပိုကြီးတယ် Duplex FLTER က Digital Mic
၈ ။ RF IC (Network IC) ခွဲလိုလျှင် ဘေးမှာ Network Crystal ,Soft Falter (မဲမဲအရောင်)ရှိ
၉ ။ Bluetooth IC ဘေးနားမှာ MHz ရှိတယ် (Nokia) မှာဆို အဖြူရောင် အခြားမှာဆို နှစ်လုံးပြူး Capacitor ထက် နည်းနည်းသေးတဲ့ပုံအတိုင်းလာတယ်
၁၀။ WiFi IC က Power IC အရွယ်လောက်ရှိတယ် သူဘေးနားမှာ သူ့အတွက်သီးသန့် INT တစ်ခုရှိတယ်
၁၁။ BackLight IC ဘေးမှာ ကွိုင် အ၀ိုင်းကြီး ရှိ SAMSUNG HUAWEI SONY Etc ဘေးမှာ Diode , Coil ရှိတယ်
၁၂။ GPS IC က ပြောင်လက်လက် ပါးပါးလေး Crystal သေးသေးလေးလည်းဘေးမှာရှိတယ်
၁၃။ USB IC က Charging လမ်းကြောင်း USB Connector အနီးမှာ သေးသေးလေး
၁၄။ SIM IC က SIM Connector ရဲ့ဘေးနားလောက်မှာ မာကင်ရဲ့ အောက်မှာ (စောင်းကြည့်လျှင်[8]အလယ်လွတ် ထောင့်လွတ်)
၁၅။ Camera IC က Camera အိုက်ရဲ့အနီးအနားမှာ Second Power IC အရွယ်လောက်ရှိမယ်
၁၆။ Display IC ကDisplay Connector ရဲ့အနီးမှာ
၁၇။ Keypad IC က Keypad ရဲ့အနီး အပေါ် ဒါမှမဟုတ်အောက်
၁၈။ memory Card IC က mmc caplock ရဲ့ ဘေးနားမှာ
RESISTOR (R) (အပေါ်ကအမဲ)ဖြုတ်လိုက်ရင်အောက်ကအဖြူ
CAPACITOR (C)(or) CONDENSER အသားရောင်လေးထောင့် တိုင်းရင်(Circuit Board မှ ဖြုတ် တိုင်းရမယ်)
DIODE (D) မှာ ငုတ်သေးသေးလေးတွေပါ (Cathode=K ဘက်မှ အနီလေးပါတယ် Cathode မှာအနီ Anode=A ဘက်မှာအနက် မှန်အောင်ခွဲရမည်
COIL (L) ဖြုတ်စရာမလို Circuit မှာတိုင်း (ပုံစံက) Resistor နဲ့တူတယ် နန်းကြိုးသေးသေးလေးတွေပတ် အ၀ိုင်းအမည်းနဲ့လည်းလာ
FUSE (F) က Capacitor နဲ့လွဲတတ်တယ်
TRANSISTOR ဖြုတ်တိုင်းရတယ် Transistor နဲ့ Diode နဲ့ဆင်တယ် နှစ်ငုတ်နဲ့ သုံးငုတ်ဘဲကွာတယ်
CRYSTAL က ကောင်းမကောင်းတိုင်းမရ Size တူတာလဲ ကြည့်ပြီးမှ သိနိုင် (မှန်အောင်တပ်ရမှာက အနက်ရောင် ငုတ်လေးနှစ်ဘက် ကွေးကွေးလေး (-)ရှိတယ် ဖြုတ်ရင်အသေအချာမှတ်
အထူးမှတ်သားရန်
Back Up BATTERY ကို AIR GUN ,HEAT GUN နဲ့ မဖြုတ်ရပေါက်ကွဲတတ်သည်။
Credit to All & Nay Aung
အခြေံခံသမားများအတွက်သာပါ...

Sunday, 23 March 2014

Fluorescent Lamp တစ်ခု၏ အလုပ် လုပ်ဆောင်ပုံ




1.မီးခလုတ်ကို ဖွင့်လိုက်သောအခါ ဗို့အားအပြည့်သည် starter ၏ Contacts များသို့ရောက်သွားပြီး အလင်းကို
ထွက်စေသည်။

2.Contact များသည် ပူလာပြီး အဆက်အသွယ် ( Contact ) ဖြစ်စေသည် မီးချောင်း၏ လျှပ်ထုပ်တိုင် (electrode) များတို့ကို လျှပ်စီးဖြတ်သွားစေသည်။

3.Starter contacts များသည်ကွာသွားသောအခါ main discharge (အဓိကလျှပ်စစ်ထုတ်လုပ်မှု) သည် ဖန်ပြွန်ကိုရိုက်ခတ်သွားသည်။choke ၏ indutive ဓါတ်စီးပတ်လမ်းသည် ပျက်သွားခြင်းကြောင့် လိုအပ်သော လှိုင်းများပမာဗို့အား (voltage surge ) ကိုဖြစ်ပေါ်စေသည်။

4.Main Discharge အဓိကလျှပ်စစ်ဓါတ်ထုတ်လုပ်မှု့သည် ဖိအားနည်းပြဒါးငွေ့ ကို ရိုက်ခတ်သောအခါ choke အားဖြင့် လျှပ်စီးကန့်သတ်မှု့ဖြစ်သွားသည်။

5.မီးချောင်းအတွင်းဖြတ်သွားသော ဗို့အားသည် glow starter ၏ contacts များကို နောက်တဖန်ပြန်လည် စတင်ရန် မလုံလောက်သောကြောင့် starter ၏ contacts များသည် ဖွင့်လျှက်နေမည်။

6.starter ကို ယခုအခါ (By Passed) ဖယ်ထုတ်ထားသည်။

7.Fluorescent အမှုံများသည် ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး မျက်စိဖြင့် မြင်နိုင်သော ရောင်ခြည်သို့ပြောင်း
သွားသည်။

Starter ( Glow Start (or) Switch Start ) တစ်ခု၏ အလုပ် လုပ်ဆောင်ပုံ

Starter သည် လျှပ်စီးပတ်လမ်းကို အလိုအလျောက် အဖွင့်အပိတ် ပြုလုပ်ပေးသော ပစ္စည်းတစ်ခုဖြစ်
သည်။မျိုးမတူသော သတ္ထု (၂) မျိုးကို ပေါင်းစပ်ထားသော သတ္ထုပြားလေး (Bi-metal) နှင့် ငုတ်လေး ၂ ငုတ်သည် သာမန်အားဖြင့် ထိကပ်မနေပါ။ငုတ် ၁ ကို Bi-metal ဖြင့်ဆက်သွယ်ထားပြီး ငုတ် ၂ ကို မီးဇာငုတ်ဖြင့်ဆက်သွယ်ထားသည်။ မျိုးမတူသော သတ္ထု (၂) မျိုးကို ပေါင်းစပ်ထားသော သတ္ထုပြားလေး (Bi-metal) ပေါ်တွင် အပူဓာတ်ဖြစ်ပေါ်သောအခါ Bi-metal ငုတ် ၁ သည် ဆန့်သွားပြီး ငုတ် ၂ ဖြင့် ထိကာ လျှပ်စီးပတ်လမ်းသည် အပြည့်ဖြစ်သွားသည်။ငုတ် ၁ Bi-metal သည် အေးသွားသော အခါပြန်ကွေးသွားပြီး လျှပ်စီးလမ်းကြောင်းကို ပြတ်စေသည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

Low Pressure Mercury Vapour Lamp (OR) Fluorescent Lamp



Fluorescent Lamp တစ်ခု၏ တည်ဆောက်ပုံ
၎င်းသည် အတွင်းတွင် Fluorescent Phosphor ဖြင့်သုတ်လိမ်းထားသော ဖန်ပြွန်တစ်ခုပါဝင်သည်။
ဖန်ပြွန်ကို ပြဒါးအငွေ့ ဖြင့် ဖိအားနည်းနည်းပေးပြီးဖြည့်ထားသည့် အာဂွန်းဓါတ်ငွေ့ အနည်းငယ်ကိုမီးချောင်း Starting စတင်ရာတွင် ကူညီမှုရစေရန် ထည့်ထားသည်။
ဖန်ပြွန်၏ အဆုံးတို့တွင် oxide coated electrode တပ်ဆင်ထားသည်။

Starter ( Glow Start (or) Switch Start ) တစ်ခု၏ တည်ဆောက်ပုံ
Glow type starter switch သည် မျိုးမတူသော သတ္ထု (၂) မျိုးကို ပေါင်းစပ်ထားသော သတ္ထုပြားလေးများပါဝင်ပြီး inert gas ( argon) ထည့်ထားသော ဖန်ဘူးတစ်ခုဖြစ်သည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

Friday, 28 February 2014

Digital Multi Meter



 
 
Digital Multi Meter တစ်လုံးမှာ တိုင်းတာလို့ရတဲ့ ယေဘူယျ စနစ်တွေကတော့
AC Voltage
DC Voltage
AC Current
DC Current
Risistance
Diode
Capacitor (n F)
Temperature (ံC)
Continuity Measurement ( အစိတ်အပိုင်းတစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိမရှိတိုင်း၊Circuit လမ်းကြောင်းပြတ်မပြတ် တိုင်းတာခြင်း စသည့်စနစ်တွေကို တိုင်းတာသော အခါ ကောင်းမွန်ပါက တတီတီ နှင့် အသံမြည် အချက်ပြသောစနစ် (Buzzer Alarm)
Battery Test အစရှိသည်တို့ဖြစ်ပါသည်။

(မှတ်ချက်။ ။ဖော်ပြပါ ယေဘူယျ အချက်များတွင်ပဲ မိမိ အသုံးပြုသော မီတာအမျိုးအစား၊ မော်ဒယ်လ်ကိုလိုက်ကာ အနည်းငယ်ကွဲလွဲနိုင်ပါသည်။)
အချို့ Digital Multimeter များတွင် AC V,DC V,A အစရှိသည်တို့ တိုင်းတာသော အခါတွင် Auto Range စနစ်ပါရှိသည် (ထိုစနစ်ပါရှိသော Digital Multimeter မျိုးသည် ပိုမိုကောင်းမွန်သလို ဈေးလည်း အလွန်ကြီးပါသည်။ထိုစနစ်ရဲ့အားသာချက်ကတော့ မီတာမှ V,A,Ohm တို့ကို အလိုအလျောက်ဖော်ပြပေးခြင်းပဲဖြစ်ပါတယ်။)

DC Voltage Range
200mV (100 μV မှ 200mV ထိ )
2000mV (1mV မှ 2000mV ထိ)
20V (10mV မှ 20V ထိ)
200V (100mV မှ 200V ထိ)
500V (1V မှ 500V ထိ) တိုင်းတာနိုင်ပါသည်။
AC Voltage Range

200V (100mV မှ 200V ထိ)

DC Current Range
200 μ A (0.1 μA မှ 200 μA ထိ)
2000 μA (1 μA မှ 2000 μA ထိ)
20mA (10 μA မှ 20mA ထိ)
200mA (100 μA မှ 200mA ထိ)
10A (10mA မှ 10A ထိ) တိုင်းတာနိုင်ပါသည်။

ၽResistance Ohm (Ω) Range
200 Ω (0.1 Ω မွ 200 Ω ထိ)
2000 Ω (1 Ω မွ 2000 Ω ထိ)
20K Ω (10 Ω မွ 20K Ω ထိ)
200K Ω (100 Ω မွ 200K Ω ထိ)
20M Ω (10K Ω မွ 20M Ω ထိ)
200M Ω (100K Ω မှ 200M Ω ထိ) တိုင်းတာနိုင်ပါသည်။
(eg။ ။360 Ω ရှိသော resistor တစ်လုံးအား 200 Ω Range တွင် တိုင်းတာသောအခါ မီတာ စကေးတွင် 358,359 Ωခန့်ပြသပါမည်။20k Ω Range တွင်တိုင်းပါက 0.36 Ω ပြသပါမည်။)

Diode တိုင်းခြင်း
Digital Multimeter တွေမှာ Diode တိုင်းရန်အတွက် သီးသန့် Diode Range (scale) ပါရှိပါသည်။ကောင်းမွန်သော Diode တစ်ခုအား Diode Range မှာထားပြီးတိုင်းပါက 518,519,714,713 အစရှိသဖြင့် ဖော်ပြပါမည်။
Diode Range တွင်ထားပါက မီတာတွင် 1 (သို့) 0L ပေါ်ပါမည်။
မီတာတစ်လုံးနှင့်တစ်လုံးကြား အနည်းငယ်ကွဲလွဲနိုင်ပါသည်။
(သတိပြုရန်။ ။Digital Multimeter တွင် Diode Scale တွင်တိုင်းတာပါက မီတာ Probe တံ အနီတွင် (+V) မီတာ Probe တံ အနက်တွင် (-V) ရောက်ရှိနေပါမည်။
ယခုအချက်သည် Analog Multimeter နှင့် ပြောင်းပြန် အချက်ဖြစ်ပါသည်။
ထို့ကြောင့် Digital Multimeter ဖြင့် Diode တိုင်းတာလျှင် Diode ၏ Cathode (-)တွင် မီတာ Probe တံ အနက်ကိုထား ပြီး Anode (+) တွင် မီတာ Probe တံ အနီကိုထားပြီးတိုင်းရပါမည်။မှားတိုင်းမိပါက မီတာတွင်ဘာမှ မပြပါ 1 (သို့) 0L သာပြပါမည်။
Batter တိုင်းခြင်း
Battery တိုင်းသော အခါ မီတာလက်တံ အနီ အနက် တို့ကိုမှန်ကန်စွာ ထားပြီး တိုင်းတာရပါမည်။မှားယွင်းပါက ကိန်းဂဏန်းများ၏ ရှေ့တွင် - ပြနေပါမည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com

Thursday, 27 February 2014

The Simple Electric Circuit



လျှပ်စီးပတ်လမ်း တစ်ခုသည် လျှပ်စစ်ဓါတ်အား ထုတ်သော Power Source တစ်ခုရှိမှသာ စိးဆင်းနိုင်သည်။ဓါတ်ခဲ (သို့) ဘထ္တရီ၏ ငုတ်နှစ်ခုလုံးကိုချိတ်ဆက်လျှင် လျှပ်စစ်ပတ်လမ်းအပြည့် တစ်ခု Closed electric circuit ကိုရရှိမည်။

အကယ်ရ်ျ အဖိုငုတ် နှင့် အမငုတ်တို့ကို ချိတ်ဆက်လျှင် လျှပ်စစ်ပတ်လမ်းတို Electrical shortage တစ်ခုဖြစ်လာပေမည်။ပြန်လည် အားသွင်းခြင်း မပြုပါက အချိန်အတန်ကြာလျှင် ဘထ္တရီသည် အားကုန်သွားပေမည်
ိုနံပါတ် ၁ ပုံသည် လျှပ်စီးပတ်လမ်းတို Short circuit တစ်ခု၏ ၀ါယာရင်းပုံစံ ဖြစ်သည်။

အကယ်ရ်ျ မီးသီးတစ်လုံးကို ဘထ္တရီ ပတ်လမ်းအတွင်း ထည့်သွင်းလိုက်လျှင် မီးသီးသည် အားမကုန်သရွေ့  ထွန်းလင်းနေပေလိမ့်မည်။

နံပါတ် ၂ ပုံသည် ဘထ္တရီ နှင့် မီးသီးပတ်လမ်း တစ်ခု၏ ၀ါယာရင်း ပုံစံဖြစ်သည်။
အကယ်ရ်ျ အပိတ်အဖွင့် ခလုတ် Switch (make contact) တစ်ခုကို ပတ်လမ်းအတွင်း ထပ်မံဖြည့်စွက်လိုက်လျှင် မီးသီးကို အပိတ်အဖွင့် လုပ်နိုင်လာမည်။

ရိုးရှင်းသော လျှပ်စီးပတ်လမ်း တစ်ခု၏ ၀ါယာရင်းပုံတွင်
•လျှပ်စစ်စွမ်းအား ပင်ရင်း
•အပိတ်အဖွင့် ခလုတ်
•မီးသီး
တို့ပါဝင်သည်။

နောက်တစ်နည်းအားဖြင့် လျှပ်စစ်စွမ်းအင်ကို သုံးစွဲရာတွင်
•လျှပ်စစ်စွမ်းအား ပင်ရင်း
•အပိတ်အဖွင့် ခလုတ်
•ဓါတ်အားကို သုံးစွဲနိုင်သော ပစ္စည်း နှင့်
•လျှပ်ကူးပစ္စည်း
တို့လိုအပ်သည် ဟု ဆိုနိုင်သည်။

Post By_ Ko Htut
http://ourelectronicnote1.blogspot.com/ 

NO & NC အကြောင်း


Normally Open & Normally Close

NO (Normally Open = Make Contact / ထိဆက်)
NO contact (သို့) NO switch တစ်ခုသည် သာမာန်အနေအထားတွင် ပတ်လမ်းသည် အဆက်အသွယ်မရှိပေ။ contact point နှစ်ခုသည် တစ်ခုနှင့်တစ်ခု ထိသွားသောအခြေအနေ (သို့) ခလုတ်ကိုဖွင့်လိုက်သော အခြေအနေ မှသာလျှင် လျှပ်စစ်ပတ်လမ်းသည် ပတ်လမ်းပြည့် ဖြစ်သွားသည်။
NO (Normally Open = Make Contact / ထိဆက်) ကို အသုံးပြုလျှင် လျှပ်စစ်ပတ်လမ်းသည် ပတ်လမ်းပြည့်ဖြစ်သွားသည်။
NO (Normally Open ) Switch များကို အနီးစပ်ဆုံးအနေဖြင့် နေအိမ်များမှာ အသုံးပြုလျှက်ရှိသော မီးခလုတ် 1 gang switch,2 gang switch . . . အစရှိသည်တို့သည် NO (Normally Open) switch များဖြစ်ကြသည်။

NC (Normally Open = Break Contact / ဖြတ်ဆက်)
NC contact (သို့) NC switch တစ်ခုသည် သာမာန်အနေအထားတွင် ပတ်လမ်းသည် အဆက်အသွယ်ရှိနေသည်။contact point နှစ်ခုသည် တစ်ခုနှင့်တစ်ခု မထိတော့ပဲ လွတ်သွားသော
အခြေအနေ (သို့) ခလုတ်ကို ဖွင့်လိုက်သော အခြေအနေမှသာလျှင် လျှပ်စစ်ပတ်လမ်းသည် ပွင့် သွားပေမည်။
NC (Normally Open = Break Contact / ဖြတ်ဆက်) ကို အသုံးပြုလျှင် လျှပ်စစ်ပတ်လမ်းသည် ပွင့် သွားပေမည်။
NC (Normally Cloe) Switch များကို အနီးစပ်ဆုံးအနေဖြင့် နေအိမ်အချို့ တွင် အသုံးပြုသော မီးခလုတ်
2 way switch တွင် တွေ့ရှိနိုင်သည်။ (2 way switch တစ်ခုတွင် Common Point,NO,NC contact များပါဝင်ဖွဲ့စည်းထားသည်။)

ယခုလောက်ဆိုလျှင် စာဖတ်သူအနေဖြင့် NO & NC အကြောင်းကို ကွဲပြားစွာ သိရှိလောက်ပါပြီ။

NO & NC အကြောင်းရေးသားရခြင်း၏ ရည်ရွယ်ချက်
Magnetic Contactor များအသုံးပြုပြီး ထိန်းချုပ်မောင်းနှင်သော Control Panel များ DC Relay များဖြင့်ထိန်းချုပ်မောင်းနှင်သော စက်ပစ္စည်းများ အကြောင်းစတင်လေ့လာသောအခါ အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါသည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

Contactor တစ်ခု၏ ရည်ရွယ်ချက်


Contactor တစ်ခုသည် လျှပ်စစ်စွမ်းအား အသုံးချမှုအတွက် လျှပ်စစ်သံလိုက်နည်းဖြင့် မောင်းနှင်ထိန်းချုပ်သော ခလုတ်တစ်မျိုးပင် ဖြစ်သည်။

Contactor တစ်ခု၏ တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံ
တည်ဆောက်ပုံ
(၁) Coil (ကွိုင်)
(၂) Control Circuit အတွက် Connnection
(၃) Core (ကိုး)
(၄) Armature (အာမေချာ)
(၅) Armature spring (အာမေချာ စပရင်)
(၆) Make Contacts (ထိဆက်များ)
(၇) Break Contacts (ဖြတ်ဆက်များ)
(၈) Connections for the switch circuit (Switch Circuit အတွက် Connection များ) အစရှိသည်တို့ဖြင့်တည်ဆောက်ထားပါသည်။

Contactor တစ်ခု၏ အလုပ်လုပ်ပုံ
ကွိုင် (၁) ကို Control circuit ၏ ကြိုးဆက်အမှတ်များမှ ဓာတ်အားသွင်းလိုက်လျှင် ကိုး (၃) တွင်
သံလိုက်စက်ကွင်း တစ်ခုဖြစ်ပေါ်လာသည်။စပရင်များ (၅) ဖြင့်ပြုလုပ်ထားသော အာမေချာ (၄) ကို သံလိုက်စက်ကွင်းက ဆွဲငင်သည်။၎င်းမှ ထိဆက်အမှတ်များ (၆) က ထိကပ်သွားပြီး၊ ဖြတ်ဆက်အမှတ်များ (၇) ကခွာသွားသည်။

အခြေခံလေ့လာနေသူများအတွက် ရည်ရွယ်ပါသည်။
Ko Htut
htttp://ourelectronicnote1.blogspot.com/

Monday, 24 February 2014

Memory card & Sd card တို့ရဲ့အခြေခံအလုပ်လုပ်ပုံ




Memory card & Sd card တို့တွင် memory IC တစ်လုံးသာပါဝင်ပါတယ်။အဲဒီ IC ဟာ PCB ပေါ်မှာ ပုံနှိပ်ထားတဲ့ Press IC တွေဖြစ်ပါတယ်။
ပုံ.၁
SD Memory Card & USB Memory Card တို့ဟာ +5V , Ground ,SCL Data out,SDA Data out…ဆိုပြီး အဆက်အသွယ်လမ်းကြောင်းလေး(၄)ခုသာ အဓိကအသုံးပြုပြီး  SD Memory Card ရဲ့ အခြား Pin လမ်းကြောင်း(V+ &-V)လမ်းကြောင်းတွေဖြစ်ပြီး NC လမ်းကြောင်းများလည်းပါဝင်တတ်ပါတယ်။ဒါကြောင့် SD Memory Card Reader များမှာ SD Card စွပ်ပြီး ဂျက်ပေါက်မျိုးစုံပါဝင် လည်းဘဲ USB ဂျက်ပေါက်ကိုဘဲအသုံးပြုပါတယ်။SD Memory Card အကြီးအသေးမတူပေမယ့် V+,Ground,SCL,SDA လမ်းကြောင်း PIN လေး(၄) ခုဘဲ အဓိကအသုံးပြုပါတယ်။SD Memory Card Input Socket &USB Memory Stick Input Port တို့ဟာ Microprocessor IC သို့ဆက်သွယ်ဝင်ရောက်ပါတယ်။Microprocessor IC ဟာ USB , SD Memory Card မှပေးပို့လာတဲ့ SCL,SDA Data လမ်းကြောင်းတွေကိုလက်ခံပြီး Memory IC & Microprocessor IC တို့အပြန်အလှန်ဆက်သွယ်ပီးUSB,SD Memory Card တွေမှ Data တွေကိုဆွဲယူပြီး Input Montior အနေနဲ့ ချုံ့ထားတဲ့ Data များကို Incomatin Data အဖြစ်အသုံးပြုကာ ဆက်လက်လုပ်ဆောင်ပါတယ်။ခုနောက်ပိုင်းတော့ Microprosser နဲ့ DSP IC ပေါင်းထားပါတယ်။
အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote1.blogspot.com/

Friday, 21 February 2014

Fusible Resistor(1)






Fusible Resistor တွေဟာ Fuse ကဲ့သို့လုပ်ဆောင်ပါတယ်။ Current ဖြတ်စီးခြင်းဖြင့် စွမ်းအင်ဆုံးရှုံးခြင်းသည် သတ်မှတ်သည်ထက် ကျော်လွန်ပါက ထို(Fusible Resistor)သည် မီးတောက်လောင်ခြင်းမရှိဘဲ ပြတ်တောက်သွားမည်ဖြစ်ပါတယ်။ Fuse နှင့် Fusible ကွာခြားချက်မှာ ခုခံမှုတန်ဖိုးပါဝင်ခြင်းဖြစ်ပါတယ်။Fusible Resistor သည်အခြားရိုးရိုး Resistor ကဲ့သို့ပုံမှန်ခုခံမှု အမျိုးမျိုးရှိပါတယ်။ဒါအပြင် ပတ်လမ်းမှာ Current တားဆီးသောလုပ်ငန်းကို သာမန် ကဲ့သို့အသုံးပြုနိုင်ပါတယ်ဗျာ။အခြားနေရာ များမှာလည်း Current ကန့်သတ်ခြင်းများမှာလည်း အသုံးပြုတတ်ပါတယ်။


အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote1.blogspot.com/
 

Monday, 27 January 2014

FET Transistor ဆိုတာ...

Fet Transistor ဆိုတာ(Field Effect Transistor)ကို အတိုချုံ့ပြီး ခေါ်ဆိုထားတာပါ။Transistor ဆိုတာ Transfer နဲ့ Resistor နှစ်ခုပေါင်းပီး Transistor လို့ခေါ်ထားတာပါ။
Transistor ကို ဖွဲ့စည်းတည်ဆောက်ထားပုံ နှစ်မျိုးရှိပါတယ်။




1.PNP
2.NPN
1.(ပုံ-၁) PNP အမျိုးအစား Transistor ကို P အမျိုးအစား တစ်ပိုင်းလျှပ်ကူးပစ္စည်း နှစ်ခုရဲ့ ကြားမှာ N အမျိုးအစား တစ်ပိုင်းလျှပ်ကူးပစ္စည်းကို ညှပ်ပီး တည်ဆောက်ထားတဲ့ပုံစံပါ။ 


ပုံ(၅) (၆)သူ့ကိုအလုပ်လုပ်စေလိုရင်တော့ collector (c)ကိ _v ပေးပီး Emitter ကို +v ပေးကာ base(B)ကို  + နဲ့ _ နှစ်ခု မျှ တအောင် ပေးပြီး ပုံမှန် အလုပ်လုပ်စေနိုင်ပါတယ်။ု
2.(ပုံ-၂)NPN အမျိုးအစား Transistor ကိုတော့  N အမျိုးအစား တစ်ပိုင်းလျှပ်ကူး ပစ္စည်းနှစ်ခုကြားမှာ P  အမျိုးအစားတစ်ပိုင်းလျှပ်ကူးပစ္စည်းကို ညှပ်ပီး တည်ဆောက်ထားတဲ့ ပုံစံပါဘဲ။


 ပုံ(၇) (၈)သူ့ကိုအလုပ်လုပ်စေလိုရင်တော့ collector (c)ကိ +v ပေးပီး Emitter ကို _v ပေးကာ base(B)ကို  + နဲ့ _ နှစ်ခု မျှ တအောင် ပေးပြီး ပုံမှန် အလုပ်လုပ်စေနိုင်ပါတယ်။




Transistor တွေကို သင်္ကေတ ရေးဆွဲတဲ့ အခါ PNP အမျိုးအစားကို ပုံ ၃ ကဲ့ သို့ရေးဆွဲ ပီး NPN အမျိုးအစားကိုတော့ ပုံ ၄ ပုံစံ ရေးဆွဲထားတာပါ။






FET Transistor များရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကလည်း ရိုးရိုး Transistor များလိုဘဲ နှစ်မျိုးနှစ်စားဘဲရှိတာပါ။တစ်မျိုးကတော့ P channel FET နဲ့ N channel FET ဆိုပြီးရှိတာပါ။
P channel FET ဖွဲ့စည်းပုံကတော့ ပုံ ၉ ကိုကြည့်နိုင်ပါတယ်။


ပုံ(၁၁) (၁၂)သူ့ကိုပုံမှန်အတိုင်းအလုပ်လုပ်စေခြင်ရင် D Drain ငုတ်ကို +V ပေးပြီးS Sorce ငုတ်ကိုတော့_ V ပေးပါ။ G Gate ငုတ်ကိုတော + နဲ့- ဗို့အား မျှတအောင်ပေးရမှာပါ။့ N channel FET ကတော့ ပုံ ၁၀ မှာ ကြည့်နိုင်ပါတယ်။ ကိုကြည့်နိုင်ပါတယ်။

ပုံ(၁၃)(၁၄)သူ့ကိုပုံမှန်အတိုင်းအလုပ်လုပ်စေခြင်ရင် D Drain ငုတ်ကို -V ပေးပြီးS Sorce ငုတ်ကိုတော့+ V ပေးပါ။ G Gate ငုတ်ကိုတော + နဲ့- ဗို့အား မျှတအောင်ပေးရမှာပါဘဲ။
ရိုးရိုး Transistor တစ်လုံး ရဲ့ Collector(C)ဟာFET Transistorရဲ့  D Drainငုတ်နဲ့ အတူတူပါ။Emitter(E) ဟာ FET Transistor ရဲ့ S Sorce ငုတ်နဲ့ အတူတူပါဘဲ။Bace (B) ကလည်း FET Transistor ရဲ့ G Gate နဲ့ အတူတူ ပေါ့/
Transistor              FET
C              =             D
E              =             S
B              =            G


အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote1.blogspot.com/ 

အပိုင်း ( ၁ ) အခြေခံ Transistor circuit အလုပ်လုပ်ပုံ.. in amplifier

NPN Transistor and PNP Transistor 
 မှာပါဝင်တဲ့ မျှားတွေက electronic current တွေကို ပြထားတာပါ။
NPN TR မှာ -Ve ဟာB 1 မှ စတင်ပီး R1 ကိုဖြတ်ကာ NPN Tr ရဲ့ emitter ကိုရောက်ပါတယ်။နောက် emitter base junction မှBaseသို့, Base collector  junction  မှ Collector သို့ ဖြတ်သန်းပီး Collector Resi Re မှတဆင့်ဖြတ်သန်းပီး B2 ရဲ့ +Ve ကို ရောက်ပါတယ်။Tr circuit  အားအလုံးတိုင်းမှာ အသုံးပြုထားတဲ့ အတိုင်း EB Junction  ဟာ Forward Bias ဖြစ်ပီး BC Junction ကReverse Bias ဖြစ်နေပါတယ်…1 ရဲ့ အပေါင်းငုတ် က R1 ကိုဖြတ်ပီး E နဲ့ ဆက်ထားပါတယ်။E ကိုပေးထားတဲ့ +Ve Potiontial များဟာ E မှ Electron များကို ဆွဲယူပါတယ်။E မှ Electron များကိုဆွဲယူရတဲ့အခါ ပုံ မှာပြထားသလို မြှားရဲ့ ဦးတည်ရာ က R1 ကို ဖြတ်ပီး B1 ရဲက +Ve Terminal သို့စီးဆင်းပါတယ်။E မှ Electron များ ဆွဲယူခြင်းခံရသောအခါ Hole တစ်ခုဖြစ်ပေါ်လာပါတယ်။Hole ဟာ E ,B Junction ကို ဖြတ်ပီး B သို့ ရောက်ပါတယ်။ ထို့နောက် B,C Junction ကတဆင့် RC ကတဆင့် C ကိုရောက်သွားပါတယ်။ထိုနေရာမှာ Hole ဟာ Electron များပြည့်ကာ ပျောက်ကွယ်သွားပါတယ်။C ကို ရောက်နေတဲ့ Holeများကိုဖြည့်ရန် လိုအပ်တဲ့ Electron များကို B2 Battery - မှ ထောက်ပံ့ပေးပါတယ်။ဒါကြောင့် B2 Battery ရဲ့ -Ve Terminal မှ RC ကိုဖြတ်ပီး TR ရဲ့ C  သို့ ပုံမှာပြထားသလို Electron စီးဆင်းမှု့ ဖြစ်ပေါ်လာပါတယ်။
PNP TR မှာ NPN TR နဲ့ ပြောင်းပြန်  Battery ငုတ်တွေကို တပ်ဆင်ထားပါတယ်.CB Junction ကို Forward  Bias ပေးနိုင်ရန် battery ရဲ့ +Ve  ငုတ် က Emitter  နဲ့ ဆက်ပီး -ငုတ် ကို Base နဲ့ ဆက်သွယ်ထားတာပါ။ဒီအတိုင်းဘဲ Battery  B2 ကို လည်းပြောင်းပြန် လှည့်ပီးသုံးရမှာပါ။ဘာကြောင့်လည်းဆိုတော့ C နဲ့  Base junction ကို Reverse Bias ပေးရန် -Ve ငုတ် ကို C နဲ့ join ပီး Base ကို +Ve ငုတ်နဲ့ join ရမှာပါ။
(ပုံ၂.မှာNPN TR ) Re ကိုဖြတ် ပီး Voltage ဖြတ်စီးတယ်ဆိုရင် Battery -B2 နဲ့ ဆက်သွယ်ထားတဲ့ RC Junction မှာ Siginal ground potential အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ B2 ဟာ Siginal frequency များအပေါ် တားဆီးမှု့ lower ဖြစ်အောင် လုပ်ထားလို့ပါ။ဒါကြောင့် RC Junction ကို G potential မှာ ဖြစ်ဖြစ် Zero potential မှာ ဖြစ်ဖြစ် သတ်မှတ် ပီး အခြားတဖက် မှာ Voltage မည်မျှ ရှိ သည် ကိုတိုင်းပါ။


အခြေခံသမားများအတွက်သာပါ..
Credit to All..
ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote1.blogspot.com/ 

Intergrated Circuit & Logic Gate...

1950 ခုနှစ်လောက်ကစပီး Transistors များကို လျှပ်စစ်ပစ္စည်း များမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်.Transistor ဆိုသောစကားလုံးဟာ Resistor နဲ့ Transfer ဆိုသော စကားလုံးများကို ပေါင်းပြီး အတို ဖြစ်သွားတာပါ
Electronics Circuits တစ်ခု မှာ Resistor , Condenser&Capacitor , Transistor , Battery ,Coil ,Diode, crystal……
Electronic Circuits များကို ၃ မျိုးခွဲခြားထားပါတယ် .
၁.Vacumm Tube Circuit
၂.Transistor Circuit
၃.Intergrated Circuit
 Intergrated Circuit (IC) အကြောင်းလေးတင်ပြလိုပါတယ်.IC မှာ Electronics component များဟာ Semiconductor Crystal (Si.Crystal) တစ်ခုတည်း မှာသာ တပ်ဆင် ထားပါတယ်. ဒါကြောင့် IC အရွယ်အစားသေးငယ် သွားရခြင်းဖြစ်ပါတယ်.IC One Cubic Inch တွင် Electronics Component ပေါင်း 200000 တပ်ဆင်နိုင်ပါတယ် IC တွေကို ခေတ် မှီ Electronic Equipment များမှာ အသုံးပြုနေကျပါတယ် .IT ခေတ် မှာ IC သုံးလာသလို တဆက်တည်း Electronics Logic(LOGIC IC in Phone) များလည်း ပေါ်ပေါက်နေရာယူလာပါတယ်.
ဝိဇ္ဖာဘာသာတွင် Logic ဆိုသည်မှာ ယုတ္တိဗေဒ လို့ဘာသာပြန်ကျပါတယ်.အကြောင်းတရားနဲ့ အကျိုးတရား ဆက်သွယ်မှု့ ကိုလေ့လာခြင်းပါ.Physics ဘာသာတွင်တော့ A Logic Gate is an electronics divice which take in ingormation from the environment makes a decision base on that information and gives out the result လို့ဖွင့်ဆိုထားပါတယ်.ဆိုလိုရင်းမှာ Logic gate (Basic digital-logic element used in building electronic circuits. The five basic types of gates are named in Boolean notation as OR gate, AND gate, NOT gate, NOR (NOT OR) gate, and NAND (NOT AND) gate, all of which are used in directing (switching) current flow. Except the NOT gate, each gate accepts more than one binary input, and output is a function of the input(s). Also called logic circuit.)

ဆိုသည်မှာ လျှပ်စစ်တီထွင်မှု့ပစ္စည်းဖြစ်ပါတယ်.Logic gate များကို အောက်ပါအတိုင်းအမည်ပေးခွဲထားပါတယ်….logic gate (AND, OR, XOR, NOT, NAND, NOR, and XNOR)

၁.AND Gate
၂.OR Gate
၃.XOR Gate
၎.NOT Gate
၅.NAND Gate
၆.NOR Gate(True Gate)
၇.XN OR Gate…..
၁.AND Gate.
အထက်ပါပုံတွင်A ခလုပ်နှင့် B ခလုပ်များကို တစ်ခုခုဟထားလျှင် (OFF) သို့ နှစ်ခုစလုံးဟထားလျှင် (OFF) မီးလင်းမည်မဟုတ်ပါ။
A ရော B ရော နှစ်ခုစလုံးထိထားမှ (ON)မီးလင်းပါမည်။Logic Gate အသုံးအနှုန်းတွင် on ကို Hight (1)ဟုခေါ်ပီး off ကို low (0) လို့ခေါ်ပါတယ်။A နဲ့ B များကို INPUT လို့ခေါ်ပါတယ်။INDICTOR ကို OUTPUT လို့ခေါ်ပါတယ်။INPUT နှစ်ခုရှိရင်  OUTPUT လေးခုထွက်နိုင်ပါတယ်။သို့သော် INPUT တစ်ခုရှိရင်တော့ OUTPUT တစ်ခုသာထွက်ပါတယ်။INPUT 3 ခုရှိရင် OUTPUT 8 ခုထွက်နိုင်ပါတယ်။
The output is high only when A and B are high Output is hight(1) when both A and B are high (1) this is why it is called an and gate.
The AND gate is so named because, if 0 is called "false" and 1 is called "true," the gate acts in the same way as the logical "and" operator. The following illustration and table show the circuit symbol and logic combinations for an AND gate. (In the symbol, the input terminals are at left and the output terminal is at right.) The output is "true" when both inputs are "true." Otherwise, the output is "false."

 

AND gate
Input 1
Input 2
Output




1

1


1
1
1

The OR gate gets its name from the fact that it behaves after the fashion of the logical inclusive "or." The output is "true" if either or both of the inputs are "true." If both inputs are "false," then the output is "false."
/WhatIs/images/or.gif (224 bytes)
OR gate
Input 1
Input 2
Output




1
1
1

1
1
1
1

The XOR ( exclusive-OR ) gate acts in the same way as the logical "either/or." The output is "true" if either, but not both, of the inputs are "true." The output is "false" if both inputs are "false" or if both inputs are "true." Another way of looking at this circuit is to observe that the output is 1 if the inputs are different, but 0 if the inputs are the same.
XOR gate
Input 1
Input 2
Output




1
1
1

1
1
1


A logical inverter , sometimes called a NOT gate to differentiate it from other types of electronic inverter devices, has only one input. It reverses the logic state.
/WhatIs/images/not.gif (240 bytes)


Inverter or NOT gate
Input
Output
1


1
The NAND gate operates as an AND gate followed by a NOT gate. It acts in the manner of the logical operation "and" followed by negation. The output is "false" if both inputs are "true." Otherwise, the output is "true."
/WhatIs/images/nand.gif (240 bytes)
NAND gate
Input 1
Input 2
Output


1

1
1
1

1
1
1

The NOR gate is a combination OR gate followed by an inverter. Its output is "true" if both inputs are "false." Otherwise, the output is "false."
/WhatIs/images/nor.gif (237 bytes)
NOR gate
Input 1
Input 2
Output


1

1

1


1
1

The XNOR (exclusive-NOR) gate is a combination XOR gate followed by an inverter. Its output is "true" if the inputs are the same, and"false" if the inputs are different.
/WhatIs/images/xnor.gif (278 bytes)
XNOR gate
Input 1
Input 2
Output


1

1

1


1
1
1
Using combinations of logic gates, complex operations can be performed. In theory, there is no limit to the number of gates that can be arrayed together in a single device. But in practice, there is a limit to the number of gates that can be packed into a given physical space. Arrays of logic gates are found in digital integrated circuits (ICs). As IC technology advances, the required physical volume for each individual logic gate decreases and digital devices of the same or smaller size become capable of performing ever-more-complicated operations at ever-increasing speeds.
Credit to u kyaw din & All ကျော်ဇေမြင့်
TELEMOBILE(ပခုက္ကူ)
http://ourelectronicnote1.blogspot.com/

ဆားကစ် သင်္ကေတများ...


ဆားကစ်ပါတ်လမ်းတွေ ရေးဆွဲရာမှာဖြစ်စေ၊ ပြန်လည်ဖော်ပြရာမှာ ဖြစ်စေ အီလက်ထရောနစ်ပစ္စည်းများရဲ့ ဆက်သွယ်မူကို သင်္ကေတတွေနဲ့ ဖော်ပြကြပါတယ်။ အဆိုပါ သင်္ကေတတွေကို သိရှိထားမှသာ ဆားကစ်ပါတ်လမ်းကို ကြည့်ရှုပြီး မည်သည့်ပစ္စည်းဖြစ်တယ်ဆိုတာကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။ Talking Electronic မှာတွေ့လို့ ဆားကစ်သင်္ကေတတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ................
မင်းညို
minnyo.elec@gmail.com
http://ourelectronicnote.blogspot.com/